ဗုဒ္ဓဝါဒရဟန်းသံဃာနှင့် မျိုးစောင့်ဥပဒေ

ဗုဒ္ဓဝါဒရဟန်းသံဃာနှင့် မျိုးစောင့်ဥပဒေ

အရှင်စန္ဒိမာ(မွန်စိန်တောရ)


အမျိုးသားရေးဝါဒနဲ့ ဗုဒ္ဓဝါဒဟာ ဖြောင့် ဖြောင့်ကြီးဆန့်ကျင်ပါတယ်။ဥပမာ-ဂေါတမဗုဒ္ဓနဲ့ရှင် ဒေဝဒတ္တတို့ဟာသာကီဝင်မင်း မျိုးမှ ဆင်းသက်လာသူများဖြစ် ကြပြီး ဝမ်းကွဲညီအစ်ကိုလည်း တော်စပ်ကြပါတယ်။ ဒါပေမဲ့ ဗုဒ္ဓ ဘုရားရှင်က အဂ္ဂသာဝကနှစ်ပါး ကို ရွေးချယ်ရာမှာ ရှင်ဒေဝဒတ် ကို မရွေးချယ်ဘဲ ဗြဟ္မဏအနွယ်မှ လာတဲ့ ရှင်သာရိပုတ္တရာနဲ့ ရှင် မောဂ္ဂလာန်တို့ကိုသာ ရွေးချယ်ခဲ့ ပါတယ်။ မြတ်စွာဘုရားရှင်ဟာ အမျိုးအနွယ်ကိုမကြည့်ပါဘူး။ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အရည်အချင်းကိုသာ ကြည့်ပါတယ်။

မြတ်စွာဘုရားရဲ့ တရား တော်မှာ အမျိုးမာန်၊ အမျိုးစွဲထား ဖို့ ဟောခဲ့တဲ့ တရားမပါဝင်ပါ ဘူး။ ရုပ်နာမ်ပရမတ်ကိုထွင်း ဖောက်မြင်တော်မူတဲ့ ဘုရားရှင် အနေဖြင့် အဝိဇ္ဇာဖုံးတဲ့ပုဂ္ဂိုလ် သတ္တဝါပညတ်အမြင်အပေါ် အခြေခံတဲ့ လူမျိုးစွဲ၊ ဘာသာစွဲကို ဟောရန် အကြောင်းမရှိပါဘူး။

အစွဲဆိုတာ တဏှာလောဘ ပါ။ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော် ဟာ တဏှာကင်းရာ၊ ကုန်ရာကို ကျင့်ဖို့ ဟောတော်မူခဲ့တဲ့ တရား တော်သာဖြစ်ပါတယ်။ တဏှာ ပွားကြောင်းကိုဖြစ်စေမယ့် မည် သည့်အစွဲကိုမျှ မြတ်စွာဘုရား အားပေးမှာမဟုတ်ပါဘူး။

မြတ်စွာဘုရားက သူ့ရဲ့ သာ ကီဝင်မင်းမျိုးအတွက်ကိုသာ ရည် ရွယ်ပြီး တရားဟောခဲ့တာလည်း မဟုတ်ပါဘူး။ မြတ်စွာဘုရားက ၃၁ ဘုံမှာရှိကြတဲ့ သတ္တဝါအား လုံးအတွက် တရားဟောခဲ့တာပါ။ ဒါကြောင့် ဗုဒ္ဓရဲ့ဝါဒက လူမျိုးတစ် မျိုးတည်း၊ ဗုဒ္ဓဘာသာဆိုတဲ့ ဘာသာတစ်ခုတည်းနဲ့သာ သက် ဆိုင်တာမဟုတ်ပါဘူး။ ဗုဒ္ဓဝါဒက သတ္တဝါအားလုံးနဲ့ သက်ဆိုင်တဲ့ ဝါဒပါ။

အမျိုးသားရေးဝါဒကတော့ လူမျိုးတစ်မျိုးနဲ့သာ သက်ဆိုင်ပါ တယ်။ ဗုဒ္ဓဝါဒနဲ့ အမျိုးသားရေး ဝါဒကို မရောထွေးသင့်ပါဘူး။ အမျိုးသားရေးဝါဒစွဲကိုင်ခြင်းဟာ ဘုရားရှင်ရဲ့ အလိုတော်ဟုတ် သလား၊ မဟုတ်သလားဆိုတာကို ခုဒ္ဒကနိကာယ်လာ ဝသလ သုတ္တန်မှာ ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။

ဝသလသုတ္တန်ကို မြတ်စွာ ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန် ကျောင်းမှာ သီတင်းသုံးနေတော် မူစဉ် မြို့ထဲသို့ ဆွမ်းခံကြွလာ တော်မူတဲ့ ဘုရားရှင်ကို အမျိုး ဇာတ်ကြောင့် မာန်မာနထောင် လွှားနေတဲ့ အဂ္ဂိကဘာရဒွါဇဗြဟ္မ ဏရဲ့ ရဟန်းယုတ်၊ ဦးပြည်းယုတ် သူယုတ်မာစသည်ဖြင့် ရိုင်း စိုင်း ကြမ်းတမ်းစွာခေါ်ဝေါ်ပြောဆိုမှု ကိုအကြောင်းပြုပြီး ဟောတော် မူခဲ့ပါတယ်။

သာဝတ္ထိပြည် တည်ရှိရာ အိန္ဒိယနိုင်ငံဟာ ယခင်မှစပြီး ယနေ့တိုင်အောင် ဇာတ်ခွဲခြားမှု စနစ်အားကောင်းပြီး အမျိုးသား ရေးဝါဒအလွန်ပြင်းထန်တဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဝသလသုတ္တန်မှ အောက် ပါဂါထာနှစ်ဂါထာကို ထုတ်နုတ် ဖော်ပြလိုပါတယ်။

ကောဓနော ဥပနာဘိစ၊ ပါပမက္ခီစ ယောနရော

ဝိပန္နဒိဋ္ဌိမာယာဝီ၊ တံဇညာ ဝသလောဣတိ

‘‘အကြင်သူသည် အမျက် ထွက်လေ့ရှိ၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ယုတ်မာသည်ဖြစ်၍ သူ့ကျေးဇူး ကိုချေဖျက်တတ်၏၊ အယူပျက်စီး သူဖြစ်၏၊ လှည့်ပတ်တတ်၏၊ ထို သူကို သူယုတ်မာဟူ၍ သိရာ၏’’

နဇစ္စာဝသလောဟောတိ၊ နဇစ္စာဟောတိ ဗြဟ္မဏော

ကမ္မုနာဝသလောဟောတိ၊ ကမ္မုနာဟောတိ ဗြဟ္မဏော

‘‘အမျိုးဇာတ်ကြောင့် သူယုတ်မာမဖြစ်နိုင်၊ အမျိုးဇာတ် ကြောင့် ဗြဟ္မဏမဖြစ်နိုင်၊ မိမိပြု သောအမှုကြောင့်သာလျှင် သူယုတ်မာဖြစ်ရ၏။ မိမိပြုသောအမှု ကြောင့်သာလျှင် ဗြဟ္မဏဖြစ်ရ၏’’

ဒေသနာအဆုံးမှာ အဂ္ဂိက ဘာရဒွါဇဗြဟ္မဏဟာ မြတ်စွာ ဘုရားကိုလေးစားကြည်ညိုတဲ့ ဥပါသကာဒါယကာတစ်ယောက် ဖြစ်သွားခဲ့ပါတယ်။

ဗုဒ္ဓအဆုံးအမကို မှန်မှန်ကန် ကန် နားလည်သဘောပေါက်တဲ့ ဘုရားသားတော်ဆိုပါက ပြင်း ထန်တဲ့ လူမျိုးဘာသာအယူဝါဒ ကိုလက်ခံကျင့်သုံးရန်သင့်၊ မသင့် လေးနက်စွာပြန်လည် ဆင်ခြင်စဉ်းစားသင့်ပါတယ်။

ပြင်းထန်တဲ့ လူမျိုးဘာသာအယူဝါဒမှ တစ်ဖက်စွန်းအမျိုးသားရေးဝါဒကို ဦးတည်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အန္တရာယ်ရဲ့ ခါးသီးတဲ့ အရသာကိုမကြာလှသေးတဲ့ ကာလတွေမှာ အပြစ်မဲ့မြန်မာ ပြည်သူတွေ ခံစားခဲ့ရပြီးပါပြီ။

ပြင်းထန်တဲ့ လူမျိုးဘာသာ ဝါဒဟာ လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးဖြစ်စေသလား။ ဆိုး ကျိုးဖြစ်စေသလားဆိုတာ ကမ္ဘာ့ သမိုင်းမှာလည်း သက်သေပြခဲ့ ပြီးပါပြီ။ ယခုလည်း ဆီးရီးယား၊ အီရတ်၊ နိုင်ဂျီးရီးယား စတဲ့နိုင်ငံ တွေမှာ အပြစ်မဲ့သာမန်ပြည်သူ တွေဟာ ပြင်းထန်တဲ့ လူမျိုးဘာ သာအယူဝါဒရဲ့ သားကောင်ဘဝ ကို ကျရောက်နေကြရတဲ့ သတင်း တွေကို နေ့စဉ်လိုလို တွေ့မြင် ကြားသိနေရပါတယ်။

မြတ်စွာဘုရားရဲ့ သန့်စင် မွန်မြတ်တဲ့ တရားတော်ကို လူမျိုး စွဲ၊ ဘာသာစွဲဆိုတဲ့ တဏှာအစွဲနဲ့ အရောင်ဆိုးတဲ့ လုပ်ရပ်မှန်သမျှ ဟာ မဖြစ်သင့်တဲ့ လုပ်ရပ်တွေပါ။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားရဲ့ ပြယုဂ်ဖြစ်တဲ့၊ မွန်မြတ်သန့်စင်တဲ့ ဗုဒ္ဓသာသနာထွန်းကားရာ နိုင်ငံ တစ်နိုင်ငံဖြစ်ပါလျက်နဲ့ မငြိမ်း ချမ်းနိုင်တဲ့ နိုင်ငံ၊ ကမ္ဘာမှာအဆင်း ရဲဆုံး၊ အမွဲတေဆုံးနိုင်ငံဖြစ်နေရ ခြင်းရဲ့ အဓိကတရားခံဟာ အာ ဏာရှင်တို့ရဲ့ အာဏာအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာဥပါ

ဒါန်အစွဲကြောင့်ပဲဖြစ်ပါတယ်။

အာဏာကိုမစွန့်နိုင်ဖြစ်နေ ကြတဲ့ စစ်အာဏာရှင်မျိုးဆက် ဗိုလ်ချုပ်ကြီးတွေကို အာဏာ အပေါ် တပ်မက်မောတဲ့ တဏှာ ကိုစွန့်ဖို့ ဟောပြောပြသဆိုဆုံးမ ခြင်းသည်သာလျှင် သာသနာ့ဝန် ထမ်းရှင်ရဟန်းများရဲ့ တာဝန်ဖြစ် ပါတယ်။ ထိုတာဝန်ကို ထမ်း ဆောင်ခြင်းဟာ လက်ရှိမြန်မာ့ နိုင်ငံရေးအတွက် အလိုအပ်ဆုံးနဲ့ အရေးအကြီးဆုံးလည်းဖြစ်ပါ တယ်။

ယနေ့ ဗုဒ္ဓဘာသာမြန်မာ အမျိုးသမီးများအတွက် ရည်ရွယ် ပြီး ပြဋ္ဌာန်းဖို့ကြိုးစားနေကြတဲ့ မျိုးစောင့်ဥပဒေဆိုတာ သူတို့အ တွက်လို၊ မလို။ အဓိကကျ၊ မကျ ဆိုတာ စနစ်တကျလေ့လာသုံး သပ်ဖို့ လိုအပ်မယ်ထင်ပါတယ်။

ခေတ်ပညာတတ် ဘွဲ့ရတွေ တောင်ပါဝင်တဲ့ မြန်မာအမျိုး သမီးငယ်များဟာ ဘာကြောင့် ဟောင်ကောင်ကိုသွားပြီး အိမ် ဖော်လုပ်နေကြရပါသလဲ။ မြန်မာ အမျိုးသမီးငယ် အများစုကြုံတွေ့ နေရတဲ့ အဓိကပြဿနာက ဘာလဲဆိုတာ အရိပ်အမြွက်မျှ သိချင်ရင် အထည်ချုပ်စက်ရုံတစ် ရုံလောက်ကိုပဲ သွားကြည့်လိုက် ရင် အဖြေပေါ်မယ်ထင်ပါတယ်။ သူတို့အတွက် မျိုးစောင့်ဥပဒေလို၊ မလိုဆိုတာ သူတို့အနေနဲ့စဉ်းစား ဖို့ အချိန်ရကြမယ်မထင်ပါဘူး။

မြန်မာနိုင်ငံမှာ ပရိယတ်နဲ့ ပဋိပတ်အလုပ်ကိုသာ အားထုတ် နေတော်မူကြတဲ့ ဆရာတော်၊ သံဃာတော်များစွာရှိကြပါတယ်။ ထိုဆရာတော်၊ သံဃာတော်များ ဟာ ရဟန်းသံဃာများနဲ့ လား လားမျှ မသက်ဆိုင်တဲ့ မျိုးစောင့် ဥပဒေဆိုတာကို မကြိုက်ပေမယ့် ရှုပ်ရှုပ်ယှက်ယှက်ကိစ္စတွေမှာ ဝင်မပါချင်ဘဲ ကင်းကင်းရှင်းရှင်း နေတော်မူလိုတာကြောင့် ဒီကိစ္စ အပေါ်မှာ တစ်ခွန်းတစ်ပါဒမျှ မိန့် ကြားမှုမပြုကြတာပါ။

မျိုးစောင့်ဥပဒေအတွက် သဲသဲမဲမဲကြိုးပမ်းနေကြတဲ့ ရဟန်း သံဃာတချို့ကိုမြင်ရတော့ နူရာ ဝဲစွဲ လဲရာသူခိုးထောင်းဆိုသလို မငြိမ်းချမ်းနိုင်တဲ့နိုင်ငံကို ပိုပြီး မငြိမ်းချမ်းအောင်၊ ဆင်းရဲတွင်း နက်ပြီးသားနိုင်ငံကို ဆင်းရဲတွင်း နက်သထက်နက်အောင် တွန်းပို့ နေသလိုပါပဲ။

မျိုးစောင့်ဥပဒေဆိုတာ ထိုင် ခုံမြဲရေးပဓာနတရားလက်ကိုင် ထားကြတဲ့ စစ်အာဏာရှင်မျိုးဆက်အတွက်တော့ အကြိုက်တွေ့မယ့် ဥပဒေဖြစ်မှာသေချာပါတယ်။

( No.376 Monday, May 12, 2014
  7Days Daily web page မှ ကူးယူဖော်ပြပါသည် )