စာတွေ ရေးချင်တယ် ဆိုရင်စာတွေ ပိုဖတ်ရတယ်လို့ အကြံပြု ပြောပြလာတဲ့ ဂျေမီ နဲ့တွေ့ဆုံခြင်း

မြန်မာ့တိုင်းမ် ဂျာနယ်မှာ ဂျေမီ က ဆောင်းပါးတွေ ရေးလေ့ ရှိပါ တယ်။ သီချင်း တွေရေးတဲ့ အခါမှာ လည်း ပရိသတ်တွေ ရဲ့ရင်ကို စကား လုံးတွေနဲ့ ထိအောင် ပစ်နိုင် တဲ့ ဂျေမီက ဆောင်းပါးတွေ ရေးတဲ့အခါမှာလည်း စာဖတ် ပရိသတ်တွေ အတွက် ရသ တစ်မျိုး ပေးစွမ်းနိုင်ခဲ့ ပြန်ပါတယ်။ စာပေရေးသား ခြင်းက ဂျေမီရဲ့ရင်ကို ငြိစေ ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် လည်း စာပေရေးသားခြင်း၊ စာ ဖတ်ခြင်းကနေဂျေမီရရှိခဲ့တဲ့ အကျိုး ကျေးဇူးတွေကို မေးခွန်း (၅)ခု ကဏ္ဍ အဖြစ် အင်တာဗျူးဖြစ်ခဲ့ပါတယ်။

မေး- ဂျေမီ အနေနဲ့ မြန်မာတိုင်းမ် မှာ ဆောင်းပါးတွေ ရေးနေတာကို ဖတ် ရတယ်။ နောက်ပိုင်းမှာ ဝတ္ထုတွေ ဘက်ကော ရေးဖြစ်လာနိုင်မလား။ ဘဝ အတွေ့အကြုံတွေကို ဝတ္ထု အဖြစ် များ ဖတ်လာရမလားပေါ့။

ဖြေ- စာပေနဲ့ ဆိုရင်တော့ ကိုယ်ရေး ကိုယ်တာ ဘဝ အတွေ့အကြုံတွေရေး ဖို့တော့ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ဘဝ ကလည်း အခုမှ စတုန်း ရှိသေး တာလေ။ ဝတ္ထုရေးဖို့ ဆို တာကလည်း ကိုအကြည်တော် တို့၊ ကိုအရိုးတို့၊ ကျားပေါက် တို့လောက် လည်း မတော်ဘူးလေ။ သူတို့က ဒီ ခေတ်မှာ ဆရာတွေလေ။ ကျား ပေါက် ကို ကျွန်တော် တအား အားပေးတယ်။ သူတို့တွေလောက်လည်း မရေး ဖြစ်သေးဘူး။ အခုရေးနေရင်းနဲ့ ကိုယ့်ဘက်က နည်းနည်း အဆင်ပြေ လာပြီ ဆို ရင်တော့ တစ်ခုခု ထပ်စဉ်း စားမယ်။ ကျွန်တော် ကတော့ နောက် ထပ်နှစ်မျိုး၊ သုံးမျိုးလောက် ရေးတတ် အောင် လုပ်ရဦးမယ်။ ဝတ္ထုတွေပေါ့။

မေး- သီချင်းတစ်ပုဒ်ရေးရတာနဲ့ စာ တစ်ပုဒ်ရေးရတာ ဘာတွေ ကွာခြား မှုရှိလဲ။ ဘယ်အပိုင်းက ဂျေမီအတွက် ပိုခက်လဲ။

ဖြေ- စာရေးရတာ ပိုခက်တယ်။ ဘယ်လို အပိုင်းတွေမှာ ခက်လဲဆို တော့သီချင်း ကျတော့ မပျော်ချင် လည်း ဇွတ်ပျော်လိုက် လို့ရတယ်။ music ဆိုတဲ့အတွက် အားသာချက် ရှိတာကိုး။ စာ မဟုတ်တော့ဘူးလေ။ စကား သက်သက်ကြီး မဟုတ်တော့ ဘူးပေါ့။ စာကအဲဒီလို မဟုတ်ဘူး။ စာက သူ့ရစ်သမ်နဲ့ သူသတ်သတ် ရှိ တယ်။ စာရဲ့ ရစ်သမ်ဘက်ကို လိုက်ရတယ်။

မေး- ဂျေမီရဲ့ဆောင်းပါးတွေ ကိုဘယ်သူတွေကဝေဖန် အကဲဖြတ်ပေး ကြလဲ။

ဖြေ- အဖေကတော့ ပြော ပါတယ်။ မင်း ဟိုဆောင်း ပါးရေးတုန်းကတော့ နည်းနည်း ပျင်းဖို့ကောင်း တယ်။ ဒီဆောင်းပါးက တော့မဆိုးဘူးပေါ့။ အဖေကပဲ အများ ဆုံး အမှတ်ပေးတာ။ ကိုလေး ဖြူရဲ့မွေး နေ့မှာ ကျွန်တော် ဖုန်းဆက်ဖြစ်တယ်။ ကိုလေးဖြူ ကပြောတယ်။ မင်းကိုငါ ကြိုက်နေတယ်။ မင်းကိုငါ ကြိုက်နေ တယ် လို့ပြော တယ်။ ဒါနဲ့ ကျွန်တော်က လည်း ဘာကိုပြောတာ များလဲအစ်ကို ရယ်လို့ဆိုတော့ မင်းရေးတဲ့ စာမျက် နှာကို ငါအမြဲတမ်း ဖတ်တယ်တဲ့။ ပျော် ရတာပေါ့ ။ဒါနဲ့ပဲ တစိုက်မတ် မတ်နဲ့ လုပ်ဖြစ်နေတာ။

မေး- စာဖတ်တဲ့အခါ ဘယ်လိုစာ တွေ ဖတ်သင့်တယ် ဆိုတာကိုလည်း အကြံပြု ပြောပြပေးပါဦး။ ဂျေမီက ကောဘယ်လို စာမျိုးတွေဖတ်ဖြစ် လဲ။

ဖြေ- စာရေးချင်တယ် ဆိုရင် စာတွေ ပိုဖတ်ရတယ်။ တော်တော်ကို ဖတ်ရ တယ်။ ကျွန်တော် မြန်မာ တိုင်းမ်မှာ စာဆိုတဲ့ Article ကိုရေးတယ်။ ကျွန် တော် စာရေးရတဲ့ အကြောင်း ကျွန် တော် စာဖတ်ရတဲ့ အကြောင်းပေါ့။ အဲ့ဒီအထဲမှာ ကျွန်တော်စာ ဖတ်တဲ့ စာအုပ် စာရင်းကိုပါ ထည့်ပေးထား တယ်။ အဲ ဒါတောင် မပြည့်စုံသေး ဘူး။ အဲ့ဒီ ထက် အများကြီး ဆက်ဖတ် ရဦးမယ် ဆိုတာကို ပါထည့် ရေးထား တယ်။ ဆရာဒေါက်တာ သန်းထွန်း၊ ဒေါက်တာနိုင်ပန်းလှ တို့ရဲ့ စာအုပ် တွေလည်း တအားကောင်း တယ်။ Presentation ကောင်းတယ်။ သနားဖို့လည်း ကောင်းတဲ့နေရာ တွေကို သနားအောင် ရေးတတ်တယ်။ ခမ်းနားတဲ့ နေရာတွေကိုလည်း ခမ်းနား အောင်ရေး တတ်တယ်။ စာက အင်္ဂလိပ်လိုရော၊ မြန်မာ လိုရော ဖတ်ရမှာပါ။ စာကို တတ်သလောက်၊ မှတ်သလောက်တော့ အကုန် ဖတ်ရ မယ်။ ပြီးတော့ အရေးကြီးတာက ပါဠိ လိုလည်း ဖတ်သင့်တယ်။ ဘာကြောင့် လဲဆိုတော့ အဲဒါကလည်း အရေးကြီး တယ်။ ပါဠိက တကယ်ကို ပညာတတ် Language ကြီးတစ်ခုလေ။ အ နောက် ဥရောပမှာ ဆိုရင် လက်တင် လိုပဲ။ ပါဠိကို တတ်ထားရင် ဘုရားစာ တွေနဲ့ အဲဒီခေတ်က စကား လုံးတွေကို သိသွားပြီလေ။ ဒါကတော့ ကျွန်တော် စဉ်းစားမိတာပါ။ ကျွန်တော့် အနေနဲ့ ကတော့ စာရေးတာလည်း မကျွမ်းဘူး။ စာဖတ်တာလည်း မကျွမ်းသေးတဲ့အ တွက်ကို ဘာမှတော့ပြောလို့မရသေးဘူး။

မေး- ဂျေမီရဲ့ ငယ်စဉ်က ရည်မှန်း ချက်တွေထဲမှာ စာရေးဆရာ ဖြစ်ဖို့ ကောပါလား။ စာရေးခြင်းက သီချင်း ရေးတဲ့အခါမှာကော ဘယ်လို အ ထောက်အကူဖြစ်စေမလဲ။ အဓိက ကတော့ စကားလုံးရွေးချယ်မှု အပိုင်း မှာပေါ့။

ဖြေ- စာရေးတဲ့ ဘဝကို ဘယ်တော့ မှ ဖြစ်လာလိမ့်မယ် လို့လည်း မထင် ထားခဲ့ဘူး။ ဖြစ်ချင်တယ် လို့လည်း မပြောခဲ့ဘူး။ ဘုရားသခင် စီမံတဲ့ အထဲ ကို ကျသွားတာပါ။ စာတွေရေးဖြစ် လာတော့ သီချင်းရေးတဲ့ အခါ စကား လုံးတွေ ပိုပြီး ရွေးတတ်လာတယ်။ ကဗျာလည်း ပိုဆန်လာသလို မျိုး၊ ပိုလည်း ယဉ်ကျေး လာသလိုမျိုး ဖြစ် လာ တယ်။ အဲဒါက စာရေး တတ်လာ ခြင်းရဲ့ အားသာချက်ပေါ့။

လင်းအက္ခရာ

နှလုံးစိတ်​၀မ်း ငြိမ်းချမ်းကြပါ​စေ


နှလုံးစိတ်​၀မ်း ငြိမ်းချမ်းကြပါ​စေ