မျက်နှာများတဲ့ စာအုပ်

ဇွန် ၂၀၀၉ ခုနှစ်၊ လန်ဒန်အချိန်နဲ့ ရက်စွဲ အတိ အကျမမှတ်မိ။ "နင်... Facebook မရှိဘဲ
ဘယ်လို နေသလဲ"ဟု မ Sandy မေးသောအခါ ခေါင်းမော့ ရင်ကော့၍ "It seems that
I can still survive without Internet" ဟု အမြင်ကပ် အောင်ပင် အင်္ဂလိပ်လို ပြန်ဖြေ
ထည့်လိုက် သည်။
သူမည်သို့မျှ comment မပေးလိုတော့ သည့် ပုံစံဖြင့် ဟိုဘက်လှည့်သွားလေသည်။ Eminem
တစ်ခါပြောတာ နားစွန်နားဖျား ကြားဖူးပါရဲ့ ။"ကျွန်တော် internet ပေါ်မှာ အလုပ် မလုပ်ဘူး၊
လုပ်မိပြန်လည်း၊ သို့မဟုတ် လုပ်မိခဲ့ သည်ရှိသော် ကျွန်တော်တစ်ချိန်လုံး ကလိမိနေ မှာပဲ"ဟူ၏။
Friendster ခေတ်စားတုန်းက လုပ်ရ တာလည်းခက်ခဲ (ဉာဏ်မမီသောကြောင့် ) အချိန် လည်း
မပေးနိုင်တာနဲ့ အရေးမကြီးတကြီး ကိစ္စ တွေပဲလိုက်လုပ်နေမိတယ်။ ကျွန်တော်မှတ်မိ သလောက်
ကတော့ Cyclone အဖွဲ့က ကိုသုတ အေး (Thuta Ill) ဟာ ကျွန်တော်တို့ အသိုင်း အ၀ိုင်းမှာ
အစောဆုံး Facebook စသုံးသူတွေ ထဲက တစ်ဦးပဲ။ တစ်ရက် သူနဲ့ ကျွန်တော် ကြည့် မြင်တိုင်
အိမ်မှာ အငွေ့တလူလူနဲ့ ရထားမောင်း နေကြတုန်း chatting, internet ကိစ္စလေးတွေ ပြောဖြစ်
ကြတုန်းက "အခုအသစ်ပေါ်နေပြီ၊ Friendster ကို အားလုံးက ရိုးနေတုန်း Harvard တက္ကသိုလ်
က Computer major ကျောင်းသား လေး တစ်ယောက်ထောင်လိုက်တဲ့ website တစ်ခုက
ဒီအချိန်ပိုင်းအတွင်းမှာပဲ တော်တော် Hot လာတယ်၊ ငါတောင် Account ဖွင့်ပြီးသွား ပြီ။မဆိုးဘူး
တော်တော်မိုက်တယ်။ ဂျေရီး၊ မင်းလည်း လုပ်ထားသင့်တယ်"ဟု ပြောသော အခါ Video Game
ဆော့ဖို့တောင် အပျင်းကြီး တဲ့ ကျွန်တော်က တခြား subject တစ်ခုကို ဆက်ပြော၍ လက်လွတ်
စပယ်နေလိုက် မိတယ်။ (O.B.O 2005)။
၂၀၁၀ နောက်ပိုင်းကျတော့ ဘယ်နေရာ သွားသွား ဒါပဲပြောလာကြတော့ အမြင်နည်း နည်း ကပ်
လာမိတယ်။ ခေတ်နောက်ကျနေ သော ကျွန်တော်သည် နောက်ဆုံး ကျွန်တော့် အစ်မကပါ
ကိုယ့်ကိုကျော်တက်သွား၍ ထိုအကြောင်းအရာ၊ အဖြစ်အပျက်များကို လာရောက် ဆွေးနွေးခြင်း
ခံရသော အဖြစ်ကို ရောက်လေ၏။ အပြင်သွားပြီး ညဘက်တွေ မူးရူးခုန်ပေါက် သောင်းကျန်းနေ
တော့ အသိုင်း အ၀ိုင်းအသီးသီးက အမျိုးသမီးတွေက တွေ့ရှိ ကြောင်းကို သံတော်ဦးတင်တော့
"ဪအေး၊ သူတို့တောင်ငါ့ကို Facebook မှာ လာ Add ပြီး နှုတ်ဆက်သွားသေးတယ်"ဟု
Michelle က ပြောသောအခါ "ဟင် ဒါဆို အပြင်မှာ သိပ် မတည့်တတည့် လူတွေက ဟန်ဆောင်
အပြုံး တွေနဲ့ internet မှာ သူငယ်ချင်း ဖြစ်နေကြပါ လား"လို့ စဉ်းစားမိလေတယ်။
အခု အိမ်ထောင် ကျသွားပြီဖြစ်တဲ့ ဟိုတစ်ချိန်က ကျွန်တော့် ချစ် သူဟောင်းတစ်ဦး လုပ်ပေးထား
တဲ့ Account တစ်ခုတော့ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီတုန်း က internet ဆိုင်တောင် မရောက်ဖြစ်ဘူး။
နောက်ပိုင်း လူတွေနဲ့တွေ့တော့ "မင်းကို ငါအပ်တာ မင်းလက်မခံသေးဘူးနော်" ဆိုတော့ သိပ်
မဟုတ်သေးဘူး။ ချစ်စိုးက ရောက်လာပြန်ပြီ "ဟေ့ကောင် Facebook မှာ J-Me အတု တစ်ကောင်
က မင်းဓာတ်ပုံတွေ သုံးပြီး ဆရာကြီး ပုံစံဖမ်းပြီး ထင်တိုင်းကျဲနေ တယ်၊ ကောင်မလေးတွေ wallေ
ပ်ါမှာလာ စကားပြောရင်၊ မအားသလို ဘာလိုလိုနဲ့ ကြီးကျယ်ပြနေတယ်" ဆိုတော့လည်း မဖြစ်
တော့ဘူး။
ဒါနဲ့ပဲ ၂၀၁၂ အစောပိုင်းမှာ များစွာ သော ဘ၀ပေးကုသိုလ်ကံ တွေကြောင့် ကျွန်တော့်ခမည်းတော်
ရဲ့ရုံးမှာ လခစား သေချာလည်းစလုပ်ရော ဘေးမှရတဲ့ အကူ အညီ advice တွေနဲ့ Catholic
Confirmation အမည်သုံးခါ facebook လောကထဲကို "Jacob Zion" ဟူ၍ အခြေချမိခဲ့ပါ
ကြောင်း ကြေညာ အပ်ပါသည်ခင်ဗျား။
ရုံးမှာ ထိုနှစ်များက လုပ်ခဲ့ဖူးသော (G Specialist) တစ်ဦးက Gmail နှင့် Facebook Account
ကို ကျွန်တော့်အား စေတနာပါပါ၊ စိတ်ရှည်ရှည်နဲ့ တည်ထောင်ပေးလိုက်တဲ့အခါ တစ်ရက်အတွင်း
မှာတင်ပဲ အထူးအဆန်း တွေကို စတင် စားသုံးရလေတယ်။ သူကပင် စတင်ပြီးတော့ ကျွန်တော်
ကို Add ပြီး ရုံးဝန်ထမ်းတွေနဲ့ စတင် Friend ဖြစ်ပါတယ်။ ပြီးတာနဲ့ ဟိုလူ့ဆီ ဖုန်းဆက် ဒီလူ့ဆီ
ဆက်နဲ့ "ငါ့ကို Add ကြပါဦးဟ၊ ငါ့ကို accept လုပ်ပါ ဦးဟ" ဆိုပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတုန်း
မြင်လိုက်တာ Search for people you may know တဲ့။ ဒါနဲ့ လိုက် Add ရတာပေါ့။ ကိုယ်နဲ့
မသိတဲ့လူတွေလည်း အကုန် (တောသား မြို့ရောက်) လိုက် Add တာများ တချို့ဆို နေရာ ဒေသ
တော်တော်ဝေးဝေးက လူတွေ၊ ကိုယ်နဲ့ အသိုင်းအ၀ိုင်း ဘာမှကို မဆိုင်တာ။
သင်္ကြန် နားနီးတော့ Spring Break ပုံတွေတင်ပြီး ပွေးရ တာ အရသာသိပ်ရှိ။ ကျွန်တော့်ကို
အစောပိုင်း လာ Add သူတွေနဲ့ ကျွန်တော် အရူးချေးပန်း လျှောက် Add တာ သည်းခံခွင့်လွှတ်ပြီး
လက်ခံ ထားတဲ့ မဲဆောက်၊ ပဲခူး၊ စင်ကာပူနဲ့ ပြည်တွင်း ဝေးဝေးလံလံဒေသက မိတ်ဆွေတွေကို
အခုထိ ကျေးဇူးတင်နေဆဲပင်။ ပထမတော့ ကိုယ့်မှာရှိတဲ့ ဓာတ်ပုံဟောင်း တွေ တင်ကြည့်တယ်။
အဲဒီတော့မှ 'Like' လုပ်ခံ ရတဲ့ အရသာကို စသိတယ်။ Account စ ဖွင့်ဖွင့် ချင်းက သူတို့မေးတာ
Profile မှာ ဘာကြိုက် တတ်လဲဆိုတဲ့ မေးခွန်းမြောက်မြားစွာအောက် မှာ ကျွန်တော်ဆိုတဲ့လူ
အလုပ်ရှုပ်လို့၊ ဘယ်ရ မလဲ ၀ါသနာဆို Partying၊ လေးစားသူများက Brad Pitt, Bruce Lee,
Mohammed Ali, Eminen နဲ့ Malcom-X၊ သီချင်း Album ဆိုရင် အဲဒီတုန်းက ထွက်ခါစ Jay-Z,
Kanye West ရဲ့ Watch the throne။ သူငယ်ချင်း တွေ၊ ရုံးဝန်းထမ်းတွေရဲ့ အသိ မိတ်ဆွေတွေ
က ကျွန်တော့်ကို Facebook သုံးပုံ သုံးနည်း သင်ပေးရတဲ့ဘ၀ ရောက်လာတယ်။ ဥပမာ Unfriend
လုပ်နည်း၊ Block လုပ်နည်းနဲ့ Security အပိုင်းတွေပေါ့။
အစပိုင်းတော့ အေးဆေးပဲပေါ့ဆိုပြီး ထင်နေတာ။ ဘယ်ဟုတ် မလဲ တွေ့လိုက်ရင်ဖြင့် ရန်ပွဲတွေ၊
ငြင်းခုံပွဲတွေ။ တချို့တွေဆို တော်တော်ရယ်ရတယ်။ အကြည် တော်ဝတ္ထုဟောင်းတွေ ဖတ်နေတဲ့
အတိုင်းပဲ။ facebook မသုံးတဲ့ လူကြီးမင်းများအား ကျွန်တော် ရှင်းပြရရင်ဖြင့် ပထမဦးစွာ
facebook ပေါ်တွင်ရှိသော ရောဂါသည် အမျိုးအစားပေါင်းများစွာထဲမှာမှ ထင်ပေါ် ကျော်ကြား
သော ရောဂါသည်များမှာ ကိုယ့် ထမင်းကိုယ်စားပြီး ဘယ်လို 'ပေါ' ရင် ကောင်း မလဲဆိုပြီး ထိုင်
စောင့်နေကြတဲ့ ငပေါများ၊ အလုပ်အကိုင်မရှိဘဲ အားနေကြသူများ၊ Internet cafe တွင် သူဌေး
ဖြစ်ဖြစ် ခွေးဖြစ်ဖြစ် အသက်မွေးဝမ်းကျောင်းပြုသူများ၊ လစ်တာနဲ့ ကြွားပြီဆိုတဲ့ ကြွားစိန်များ၊
အစွန်းရောက် နိုင်ငံရေးနဲ့ လူမျိုးရေး၊ ဘာသာရေး သမားများ အပြင် နောက်ဆုံး မှာတော့ (နားနှင့်
မနာ ဖ၀ါး နှင့်နာကြပါရန်) နှစ်လုံးတည်းနဲ့ နာမည်ပျက် မယ့် 'နှာဘူး'တွေနဲ့သာ ပြည့်ညပ်ကျပ်၍
Jam ဖြစ်လျက်ရှိပါကြောင်း။
သူများသာ ပြောတာ ကျွန်တော်လည်း အစောပိုင်းဖြစ်ပုံက ဒါမျိုး။
Hip Hop ထီးနန်းရဲ့ ဘုရင်တစ်ဆူဖြစ်တဲ့ Dr.Dre ရဲ့ Page ထဲ ၀င်မွှေတုန်း လာ Tag ထားတဲ့
ဓာတ်ပုံတွေက ရင်ခုန်စရာတွေချည်းပဲ၊ ဒါနဲ့ဝင်ကြည့်ပြန်တော့ သူတို့ Page တွေက 'အဂေါ်' ကြီး
တွေဗျ။ အကုန်လုံးက ရေကူးဝတ်စုံ (two piece) တွေနဲ့ ကော့လို့လန်လို့။ ဒါနဲ့ တစ်ရက် အာရုံ
ခပ်နောက်နောက်ဖြစ်တာနဲ့ အကုန်ဒိုင်ခံ share ပစ်လိုက် တာ News feed မှာ Booty ပုံတွေ
ချည်း flood ဖြစ်သွားတော့ တော်ရုံတန်ရုံ အမျိုးသမီးတွေ ကျွန်တော့်ကို လန့်ဖျပ်ကုန်ကြတယ်
ထင်ပါရဲ့။
အဲဒီတုန်းက Profile photo ကို Afro samurai ပုံ တင်ထား တာ နောက်တော့ ကိုယ့်စိတ်ကြိုက်
'ကိုယ့်' ဓာတ်ပုံတွေချည်း ကောက် change လိုက် တော့ တစ်နေ့ထက်တစ်နေ့ လာ Add လိုက်
ကြတာများ အလှူလိုပဲ။ မနက်မိုးလင်းတာနဲ့ Friend Request Sent လုပ်တဲ့လူ အနည်းဆုံး
ဆယ်ယောက်ကျော်တယ်။ အေး xxx နောက်တစ်ခု အမျိုးသမီးတွေ ဟားဟား ဓာတ်ပုံတွေက
အပြင်မှာ မ၀တ်ရဲတာ တွေနဲ့ လန်ထွက်နေတယ်ဆိုတာ သူတို့၊ တချို့ဆို ငယ်ငယ်လေးတွေ
ရှိသေးတယ်။ တကယ်ပါ ကိုယ်မွေးရင် ကိုယ့်သမီး အရွယ် တွေ။ ပထမတော့ အထာမနပ်ဘူး၊
chat box 'နီ'လို့ အသံ မြည်ရင် သွားသွားဖတ်ပြီး ဖြေလေ့ ရှိတယ်။ နောက်တော့ sorry ပဲဗျို့၊
ကိုယ်အိမ် ထောင်ရှိမှန်း သိအောင် Relationship status ကောက် ပြောင်းလိုက်တော့မှပဲ ငြိမ်
သွားတော့ တယ်။
Status ရေးဖို့ ကွက်လပ်ထဲက မေးခွန်း မှာ "What's on your mind?"ကျွန်တော်လည်း ဖြည့်
လိုက်ပါတယ်။ Tits လို့ LOL ကျန်တဲ့ (သိပ်မရင်းနီးတဲ့လူတွေ) ကတော့ ဒီလိုမဟုတ်၊ ၎င်းတို့
အသုံးပြုပုံက Diary ဆန် တယ် (အားလုံး မြင်နေရတာကလွဲလို့) စိတ် ဓာတ်ကျစရာနဲ့ စိတ်ညစ်
စရာတွေများတယ်။ Status တွေပဲ ထိုင်ဖတ်လို့ကတော့ စိတ်ချ လုံးဝအဆင်မပြေဘူး။ ရွဲ့သလို
စောင်း သလိုနဲ့ အထင်လွဲစရာတွေ အများကြီးပဲ တချို့ဆို ပေါက်ကွဲသံ ဆူညံချက်က
"ဪ _ီးပဲကွာ" တို့ ဘာတို့ ဆိုတော့ Unfriend လုပ်လိုက်မိရော၊ တချို့ ညီအစ်ကိုများ ဆဲရေး
တိုင်းထွာချက်ကတော့ ပေါ်တင်ပဲ။ ကျားပေါက်က ဘာပြောသလဲ ဆို "သတိထားရမယ်၊
အသုံးမတည့်ရင် အပြင်မှာ တကယ်ခင်တဲ့လူတောင် ကွိုင်ကြတာများ တယ်"တဲ့။
ဘယ်သူနဲ့မှ ပြဿနာ မဖြစ် အောင် နောက် ပိုင်းမှာ Profile ကို သေချာ ကြပ်မတ်နိုင်ခဲ့ ပါတယ်
လေ။ သို့သော်လည်း နောက်ပိုင်း ပိုဆိုးလာခဲ့ တယ်။ ကျွန်တော်စကလိဖြစ်တဲ့ Period မှာက
လူတွေက ဖွလွန်းလို့ 'ဖွဘုတ်' လို့ အမည်တွင်နေတဲ့ အချိန်၊ ဒီကလူတွေ အားနေတယ်ထင်တာ၊
ဟိုကဟာတွေ ပိုဆိုး။ ထွက်လာလိုက်တဲ့ ပြည်တွင်းပြည်ပ Troller page တွေ နည်းတာ မဟုတ်၊
အကုသိုလ်ကို အင်တာနက်ပေါ် တက်ရှာ တဲ့ကောင်တွေလည်း အများကြီးပဲ။ ဟိုတိုက်ဖျက်ရေး၊
ဒီတိုက်ဖျက်ရေးနဲ့ မသိရင် သူတို့ပထွေးက လခပေးထားတဲ့ အတိုင်းပဲ။ ဘာလိုလိုနဲ့ ကျွန်တော်
facebook ရည်လည် လာပြီ်း ဓာတ်ပုံ Tag လုပ် တာတို့၊ check in တို့နဲ့ နောက်ဆုံး group တွေ
ဘာတွေ ဖွဲ့တတ် လာတယ် ဆိုပါ တော့။
အဲဒီချိန်ကအခုအချိန်ထိခေတ်စား နေတာကတော့ မောင်းမငယ်များရဲ့ နှုတ်ခမ်းလေးစူပြီး
ရိုက်တဲ့ Duck face ပါပဲ။ "ဟေ့ကောင်၊ မင်းတို့သတိထား။ တချို့က အချိန်ယူပြီး မျက်ကပ်မှန်
တပ်၊ ဆံပင်တုစွပ်၊ မျက်တောင်အတုတပ်၊ မိတ်ကပ်ပြင်ပြီး ရိုက် ထားကြတော့ မသိရင် '၀တ်မှုံ
ရွှေရည်' ဒီဇိုင်း၊ အိမ်နေရင်း(သဘာဝ) အတိုင်းဆိုရင် တရုတ် တန်းက ၀တ်သားကောက်ညှင်း
ထုပ်ရောင်းတဲ့ အန်တီပု" ဆိုပြီးတော့ အရင်းတစ်ယောက်ကသတိ ပေးတော့အတော်ကြောက်ရွံ့
သွားတယ်။ ဖြစ်နိုင်ရင် ကျွန်တော်က ကြုံရာဆိုင်မှာ အင်တာနက် မသုံးစေချင်ပါ။ သုံးရင်လည်း
Log Out သေချာလုပ်စေချင်တယ်။ မုန်တိုင်း သည် တစ်ခါတစ်ရံ သင့်ဘ၀အား မကြေညာဘဲ
ရိုက်ခတ်တတ်၏။ မေမြို့မှာ ရှိုးသွားဆိုတော့ ရန်ကုန်မှာ ကျန်ခဲ့တဲ့ Biggy-Y ဖုန်းဆက်လာပြီး
"ဟေ့ကောင် ရသရဲ့ Account ကြီး Hack ခံလိုက်ရပြီလား မသိဘူး။ ရှိသမျှ ဗမာ Hot Model
တွေကို ဆဲပြီး ရုပ်ရှင်အစည်းအရုံးကို လည်း ဆဲထားတယ်"။ ဟုတ်ပါတယ်။ ရစရာကို မရှိပါ။
အဲဒီအချိန်ကစပြီး ကိုယ်စီကိုယ်စီ Extra Account လေးတွေနဲ့ ဖြစ်လာကြတယ်။
တဖြည်းဖြည်း ကျွန်တော်လည်း facebook ရောဂါသည် ဖြစ်လာကာ အအိပ်ပျက်၊ အစား ပျက်နဲ့
နောက်ဆုံး မိန်းမနဲ့ပါ အကြီးအကျယ် ကွိုင်တက်လာတဲ့ အထိပဲ။ ဒါနဲ့ အေးဆေး ဖြစ်သွားအောင်
Capital-J ဆိုတဲ့ Fan Page လေးထောင်မှပဲ ငြိမ်းချမ်းသွားတော့တယ်။ ဘာပဲဖြစ်ဖြစ် facebook
ကို အထင်တော့ မသေးစေလိုပါ။ သူ့မှာ နှိုင်းယှဉ်မရအောင် ကောင်းတဲ့အချက်တွေ ရှိတယ်။
ကျွန်တော့်လို ပရိသတ်အတွက် Main Fun Page အပြင် Star Wars နဲ့ ပတ်သက်တဲ့ Page
တွေ ရာနဲ့ချီ ရှိတယ်။ ကျွန်တော်တို့ရဲ့ Favorite တွေဖြစ်တဲ့ Jay-Z, Nas, Korn, System of a
Down တို့ရဲ့ နောက်ဆုံးသတင်းတွေနဲ့ Movement တွေ အကုန်သိရတယ်။
ကျွန်တော် ဆို အခု Canada က Underground DJ/Producer တချို့နဲ့ အတော်တောင် ခင်နေပြီ။
Shows, Events တွေရယ် Album Release တို့ Promotion တို့အတွက် လွန်စွာ အကျိုးရှိ ပါ
တယ်။ အကုန် ပြောမယ်ဗျာ။ မူလက လက်ဟောင်း (မန္တလေး ဇာတိ) နာမည်ကြီး ပန်းချီဆရာ /
ဒီဇိုင်နာ တစ်ယောက်ဆို သူ့ပန်းချီကားတွေကို င်္ခေန ဘသသု မှာပဲ ဓာတ်ပုံတွေ တင်ပြီး ထိုင်ထိုင်
ရောင်း နေတာ မနည်းတော့ဘူး။ ဒီအချက်အလက် တွေကိုတော့ ခင်ဗျားတို့ like လုပ်သင့်တယ်။
မနှစ်တစ်နှစ်ကမှ The Social Network ဆိုတဲ့ facebook အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ကို
သေချာကြည့်ရှု ခံစားမိတော့ ကျွန် တော် အတော်သဘောကျမိတယ်။
Harvard တက္ကသိုလ် အဆောင် ပြတင်းပေါက် မှန်မှာ Logarithm လေးချရေးပြီး မည်သို့အစပြု
ခဲ့ပုံ ကနေ နောက်ဆုံး တရားစွဲခံရတော့ (နောက်ဆုံး အခန်း) သူချစ်ခဲ့တဲ့ ကောင်မလေးကို သူရှာ
ပြီး Add တာ မရတဲ့အထိ စိတ်ဝင်စားဖို့ ကောင်းပြီး တစ်မူထူးခြားတယ်။ အမှန်တော့ ဒီဇာတ်ကား
ဟာ Mark Zuckerberg နဲ့ သူ့ရဲ့ အပေါင်းပါ များအကြောင်း ရေးထားတဲ့ Accidental Millioners
စာအုပ်အပေါ် အခြေခံထားတာ သိရတဲ့အချိန်မှာ ဒီစာအုပ်ကို ပိုလိုချင်သွား တယ်။
အခုဆို ကျွန်တော့်ကို facebook မှာ Add တာမရလို့ follow လုပ်တဲ့ လူ တစ်သောင်း ကျော်သွား
ပါပြီ။ ဒါတင်ပဲလား၊ လူတွေ သန်း ပေါင်းများစွာရဲ့ ဘ၀များစွာကို တစ်နည်းတစ် ဖုံနဲ့ ပြောင်းလဲနိုင်ခဲ့
တဲ့ facebook ရဲ့ Founder Mark Zuckerberg အကောင့်မှာ Followers က သန်းကျော်ရှိတယ်။
ဪ ... ဘာလိုလိုနဲ့ သူတို့တောင် ၁၀ နှစ် ပြည့်သွားပြီပဲ။ ဒါကြောင့် Mark ကို Congratulation
လို့ပြောရင်း အဲ... ခဏနေဦး Login ၀င်လိုက် ဦးမယ်ဗျို့။


Copied from Myanmar Times