စေတနာ

စမ်းချောင်းမြို့နယ်က လက်ဖက်ရည်ဆိုင်မှာပေါ့။ မလိုင်နံပြား တစ်ပွဲမှာလိုက်မိချိန်မှာပဲ မုန့်လာချ
ပေးတဲ့ ကိုကိုစားပွဲထိုးက မလိုင်ပန်းကန်ကို စားပွဲပေါ် တင်ခါနီးမှာ သူ့လက်ညှိုးတစ်ချောင်း ဟာ
မတော်တဆ မလိုင်ပန်းကန်ထဲ ၀င်သွား တယ်။ အဲဒီဝင်သွားတဲ့ သူ့လက်ညှိုးကို ပါးစပ်ထဲ ထည့်
စုပ်ပြီး စပ်ဖြဲဖြဲနဲ့ ပြန်ထွက်သွားလေရဲ့။
ကျွန်တော်လည်း complain လုပ်ဖို့ အိုင်ဒီယာ ခေါင်းထဲ မရှိတဲ့အရွယ်ဆိုတော့ 'ဘာဖြစ်လဲ' ဆိုပြီး
မရွံမရှာ 'အုပ်' ထည့်လိုက်တယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ နာမည်ရလာတဲ့ အမည် မဖော်လို
တဲ့ Hip Hop အဖွဲ့တစ်ဖွဲ့ရဲ့ front man တစ်ယောက်နဲ့ အဲဒီခုနှစ်ဝန်းကျင် လောက်မှာ ဗဟန်းမြို့
နယ်က ရေတာရှည်လမ်း ဟောင်းထိပ်မှာ လက်ဖက်ရည်ဆိုင် ထိုင်ပြန် တော့ သူမှာလိုက်တဲ့ မနက်
စာ ကြက်ဥနဲ့ ထမင်းကြော်ကို လာချချိန်ကျပြန်တော့ စားပွဲထိုး ရဲ့ လက်က မတော်တဆ (နမော်
နမဲ့) ကြက်ဥ အနှစ်ထဲ ၀င်သွားပြန်ရော၊ Sorry တော့ ပြောရှာသား။
ဒါပေမဲ့ အဆိုတော်ကြီးက "ဪ အေး ပဲ" ဆိုပြီး ဆဲရေးတိုင်းထွာ လိုက်လေရဲ့။ ဘယ်လိုသဘော
ရလဲ....... ကျွန်တော် ပွင့်ပွင့်လင်းလင်း ၀န်ခံဖွင့်ဟ ရရင်ဖြင့် ကျွန်တော်ငယ်စဉ်ဘ၀က (ကလေး
သရုပ်ဆောင်မလုပ်ခင်ကတည်းက) 'မျက်နှာ မြင် ရိုက်ချင်' ဆိုတဲ့ဆုနဲ့ ပြည့်ပြီးသား။ ဒါတော့
ဘယ်တတ်နိုင်မလဲ။ အဖေနဲ့အမေကို လည်း သေချာကြည့်ဦးလေ။ သူတို့နှစ်ယောက် ပေါင်းဖက်ပြီး
ကျွန်တော့် ဥပဓိရုပ်ကို မွေးထုတ် ထားပေးတာ အလန်းကြီးရယ်။ ဒါပေါ့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်
ချက်ကတော့ အပြည့်ပဲ၊ အားလုံးအပေါ်မှာ ယဉ်ကျေး ပါတယ်။ လူတွေကသာ တစ်နည်းမဟုတ်
တစ်နည်းနဲ့ ရိုင်းနေကြတာ။
နာမည်ရ အနု ပညာသမားတစ်ယောက်အဖြစ်နဲ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ ပွဲလမ်းသဘင်
အပြင် နေရာဒေသ တော်တော်များများကို သွားရ လာရတဲ့ဘ၀က သက်သာတယ်လို့တော့ မထင်
လိုက်ကြပါနဲ့။ ပြောချင်တိုင်း မပြောရ၊ လုပ်ချင်တိုင်းမလုပ်ရ၊ စိတ်တိုချင်တိုင်း စိတ်တို လို့မရဘူးပေါ့။
စားရင်လည်း စားပြန်ပြီ၊ သောက်ရင်လည်း သောက်ပြန်ပြီ၊ တကယ့် အာရုံပါပဲ (Thee Curse of
the Talented) ဒါပေမဲ့ အားသာချက်လည်း ရှိတယ်။ အမြင် မတော်သမျှ အချက်အလက်တွေ
အားလုံးကို လူတွေ သိအောင် ပြောဆိုခွင့်တော့ ပိုင်ဆိုင် ထားပြီးသား။ မုတ်ဆိတ်ဆိုတာ Muslim
မှမဟုတ်ဘူး။ ဘယ်သူမဆို ထားပိုင်ခွင့်ရှိ တယ်ဆိုတာ။ တရုတ်ကားသိုင်းကားတွေ ကြည့် ဖူးရင်
သိတယ်။
တစ်နှစ်က အင်းလျားလမ်းက 'ခေမရဋ္ဌ်' မှာ ရှမ်းခေါက်ဆွဲ သွားဝယ်တော့ "အချိုမှုန့်ရှောင်မယ်" လို့
ပြောလိုက်မိပါတယ်။ အဲဒီက ရွှေညာသူ အလုပ်သမ 'ဆားပုလင်း' တွေက နောက်ဖေး Kitchen
ထဲမှာ တွတ်တွတ်၊ တွတ်တွတ်နဲ့ ကြားလိုက်ရတာ "ဘာလဲ၊ ကုလားတွေက အချိုမှုန့်မစားဘူးလား"
တဲ့။ နည်းနည်းတော့လည်း ရယ်ချင်သွားတယ်။
* Happy Noodles မှာ ကျပြန်တော့ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး သမီးရည်းစား ဘ၀က ၀ါးတီး
လည်းသွားဆွဲရော (ညနေ ဆိုင်ပိတ်ခါနီးအချိန်) အဲဒီက waiter တစ်ယောက်ခမျာ ကျွန်တော့်
ကိုလည်းမြင်ရော အလုပ်ကောင်းကောင်း မလုပ်တော့ဘဲ သူသိမ်း နေတဲ့ စားပွဲတွေ၊ ထိုင်ခုံတွေ
ဝုန်းဒိုင်းဆိုပြီး ဆောင့်ချပါလေရော၊ head waiter ကပါ 'ဖြည်းဖြည်းလုပ်ပါဟ' လို့ ပြောယူရတယ်။
Sedona Hotel, Pool side မှာ လုပ်တဲ့ အသိ တစ်ယောက် Wedding dinner မှာဆိုရင်
ကျွန်တော် ဘယ်သူမှ ဒုက္ခမပေးလိုဘဲ ကိုယ့် ၀ိုင်းမှာ ကိုယ့်သူငယ်ချင်းတွေနဲ့ ထိုင်နေလျက်
စားပွဲထိုးလေးတစ်ယောက်၊ နှစ်ယောက် လောက်က 'ဟိုမှာ J-me, J-me' လုပ်နေ လေရဲ့။
ဒါကို မှုန်ကုပ်ကုပ်၊ ပုလင်းဖင်ကြီး တပ်ထားတဲ့ အော်တာ fancy ပန့်ဂေါ်လီ' waiter တစ်ဦးက
' လုပ်ရမှာလား၊' ဆိုပြီး လူရှေ့မရှောင် သူရှေ့ မရှောင်၊ ရှေ့နောက် မကြည့်၊ ပါးစပ်စည်း မစောင့်ဘဲ
အောက်တန်း ကျကျ ဇာတိပြလိုက်ပါလေရော။ ကဲ ဘယ်လို သဘောရသလဲ စာဖတ်သူ။ ဒီမှာ
waiter သင်တန်းတွေ ရှိလျက်သားနဲ့ အကျင့်စာရိတ္တ အပြောအဆို၊ နေပုံထိုင်ပုံတွေ သင်မပေးဘူး
ထင်ပါရဲ့။
hotel ကြီးတွေတောင် ဒီလို ဖြစ်နေရင် လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်၊ ဘီယာဆိုင်တွေ
ဘယ်လို လုပ်မလဲ။ ကျွန်တော်ကတော့ နောက်ပိုင်း အသားကင်ဆိုင် (ဖြစ်နိုင်ရင်) လုံးဝမထိုင်ဘူး။
အကြောင်းရင်းက 'လူများလေ စာရင်းကိုင် ပိုကြိုက်လေ'ပေါ့။ ဘီယာ တစ်ခွက်ကို နှစ်ခွက် လုပ်
တယ်။ ငါးခွက်ကို ၁၀ ခွက်လုပ်တယ်။ ထွေပြီဆို မမှာဘဲ ဇွတ်ချတယ်။ ဘောက်ချာ ဆုတ်ရင်
ရှင်းပေတော့ 'အဆမတန်'။ အလုပ် ပေါ်မှာ စေတနာ မရှိခြင်းကြောင့် ဤကဲ့သို့ ၀သီများနှင့် ရွံရှာ
ဖွယ် အပြုအမူများဟာ ကျွန်တော်တို့နိုင်ငံတွင် အဓွန့်ရှည်နေခြင်းသာ ဖြစ်သည်။
နောက်တစ်ခုက သူတို့ရဲ့အလုပ်ကို သူတို့ မလေးစား၊ စေတနာ မထားခြင်းက အ လုပ်ခွင်
အလုပ်ရှင်နဲ့လည်း တိုက်ရိုက်ဆိုင်နေ လောက်တယ်။ သူတို့ကို ဆက်ဆံပုံ၊ သူတို့ရတဲ့ လခနဲ့
သူတို့နေထိုင်နေရတဲ့ အခြေအနေအရပ် ရပ်တွေက ဘယ်လိုဖြစ်နေမလဲ မသိချင်ဘူး လား။
စောစောကပြောတဲ့ စမ်းချောင်း တောင်ပိုင်းမှာ ရှိခဲ့ဖူးတဲ့ လက်ဖက်ရည်ဆိုင် ကြီး တစ်ဆိုင်မှာ
တော့ hot သွားတဲ့သတင်းက ညဘက်ကွိုင် တဲ့အကြောင်း။ ဘယ်လိုကွိုင် သလဲဆိုတော့
တင်ပါးဆုံကြီးတဲ့ အသုပ်ဆရာ ကို တဏှာကြီးတဲ့ အကြော်ဆရာက ညဘက် ဘေးတိုက်ယှဉ်
အိပ်နေရင်း ရုတ်တရက် ထပြီး အနောက်ကနေ ဟိုဒင်း ဟိုဟာလုပ်ဖို့ ကြိုးစားရင်း ထထိုးကြ
သတဲ့။
မြင်ယောင်ကြည့် လိုက်ပါ၊ ရယ်စရာတစ်ခုမှ မပါဘူး။ အင်းလျားလမ်းထိပ်မှာနေတဲ့ အန်ကယ်ကြီး
က "ကိုယ့်အလုပ်ကိုယ်လုပ်၊ ဘယ်သူဘာပဲဖြစ် နေဖြစ်နေ၊ ဘယ်သူတွေ ဘာပဲပြောနေပြောနေ
ကိုယ့်အလုပ်ကို မှန်မှန်နဲ့ ပြီးအောင်လုပ်၊ ဒို့ နိုင်ငံကလူတွေ ဆင်းရဲတဲ့အကြောင်းရင်းက ကိုယ့်အလုပ်
ကိုယ်မလုပ်ကြဘဲ သူများတွေ ကို လိုက်ကြည့် လိုက်ပြောနေရုံနဲ့ အချိန်ကုန် နေလို့"လို့ ပြောတာ
ထပ်ခါထပ်ခါ ကြားဖူး တယ်။ ကျွန်တော် ခုနစ်တန်းလောက်က မြေနီကုန်း ဈေးလမ်းမှာရှိတဲ့ ကဖေး
တစ်ခုမှာ မနက်တိုင်း ဘမနေုျေအ စားဖူးတယ်။
နံပြားဖုတ်၊ အီကြာကွေး ကျော်တဲ့ အညာသားကြီးနဲ့ သတ်နေကြတဲ့ စားပွဲထိုးလေး တစ်ယောက်
ရှိတယ်။ ကလေးဆိုတော့၊အကောင်သေးပေမယ့် ဉာဏ်ပြေးချက်က၊ တစ်ရက် သူတို့ နှစ်ယောက်
ငြင်းရာကနေ နပန်းလုံး ကြရော၊ အဲဒီမှာ အညာသားက စားပွဲထိုး လေးရဲ့ လက်နှစ်ဖက်ကို ချုပ်
ထားတော့ စားပွဲထိုးလေးက အော်တယ် 'လမီဂူး၊ လမီဂူး'၊ နောက်တော့မှ သူအော်တာ English
လို "Let me go, let me go!" ဆိုတာကို သူတို့ ညဘက်နားချိန် နိုင်ငံခြား ရုပ်ရှင်ကြည့်ဖို့
အခွင့်အရေး ရှိတယ်ဆို တာသိတော့မှ နားလည်တော့တယ်။ ဒီ စားပွဲထိုးလေးသာ ကျောင်းတက်
ခွင့်ရရင်၊ အဆင့်မြင့် ပညာသင်ခွင့်ရရင်၊ သူ့ capture လုပ်နိုင်စွမ်းနဲ့ဆို သူ့ English ဘယ်လောက်
ထိ ကောင်းလာနိုင်တယ်ဆိုတာ စာဖတ်သူ လူကြီးမင်းနဲ့တကွ ညီအစ်ကို မောင်နှမ များ အားလုံး
'စေတနာ'လေး နည်းနည်းနဲ့ပဲ တွက်ချက် ကြည့်လိုက်ပါ။


Copied From Myanmar Times