ကြော်ငြာဝင်မယ်

မိဘမဲ့ကလေးဂေဟာမှာ တစ်ပတ်မှာတစ်ရက် လောက် ဟင်းကောင်းစားရဖို့ဆိုတာ အရမ်း
ကြုံရခဲတဲ့ အခွင့်အရေးပါ။ ဒါ ရန်ကုန်မြို့ တစ်ခုတည်းကို ပြောနေတာ။ နယ်ဘက်ဆို စဉ်းစား
ကြည့်ပေါ့။
ဘယ်လောက်တောင် ဆိုးမလဲ။ အေး... အသားစားရတဲ့နေ့ဆို မဖြစ်စလောက် နွှင်ထားတဲ့
အသားလေးနဲ့ ပဲဟင်းရည်ကျဲကို မြိန်ရေရှက်ရေ စားနေရတဲ့ မြင်ကွင်းကို ကျွန်တော့် အဖေရိုက်
တဲ့ Documentry ထဲမှာ တွေ့ဖူးတယ်။ ခဏနေဦး၊ ဒါအစားအသောက်ကိုပဲ ပြောနေတာ။
ကျန်တဲ့ Condition တွေရော၊ အ၀တ်အစား၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ ကျန်းမာရေးနဲ့ သူတို့
အိပ်ကြရတဲ့ အိပ်ရာတွေရဲ့ အခြေအနေ၊ ဆရာမ တွေနဲ့ အဆောင်ထိန်းတွေကရော သူတို့အပေါ်
ထိန်းကျောင်းကွပ်ကဲပုံ။ ဘယ်လိုတွေ ဖြစ်နေ မလဲ...။
ပထမဦးစွာ DJ SAI (ခ) ကိုသူနဲ့ မိတ်ဆက် ပေးပါရစေ။ သူနဲ့ သင်္ကြန်အပြီး ရန်ကုန်မှာ စခင်ပြီး
သူ London မှာ DJ လုပ်နေတဲ့ အကြောင်း MPC နဲ့ သီချင်းတီးတဲ့အကြောင်း ပြောရင်း Hip
Hop စကားဝိုင်း ဖြစ်သွား ပါလေရော။ သူက မန္တလေးဇာတိဗျ။ အရွယ် ရောက်တော့ လန်ဒန်မှာ
ကျောင်းတက် အလုပ်လုပ်ပြီးတော့ DJ/Producer ဖြစ်လာ တယ် ဆိုပါတော့။
အိုကေ၊ သူ့အကြောင်းပြီးရင် ကျွန်တော့် အကြောင်း။ ကျွန်တော်ဆိုတဲ့ကောင်က တစ်ခုခုဆို
စိုးရိမ် စိတ်နဲ့ ကြောက်စိတ် တကယ်များတဲ့ကောင်။ နေရာသစ် ရောက်ပြီဆို မသွားရဲ၊ မလာရဲ
ဒါတွေအားလုံးဟာ ကိုသူနဲ့ တွေ့တော့ ပြောင်းလဲသွားတယ်။ အထူးသဖြင့် လန်ဒန်က ဗမာတွေ
ပေါ့ဗျ။
နိုင်ငံခြားမှာ အလုပ်လုပ် ကျောင်းတက်၊ နေထိုင်တဲ့လူတွေ အများကြီး ကျွန်တော်တွေ့ဖူးတယ်။
အထူးသဖြင့် စင်ကာပူက ကျောင်းသားတွေ သူတို့ မပျော်ကြ ဘူး။ အမြဲဒေါသထွက်နေကြတယ်။
မိဘတွေက သိပ်ပြည့်စုံ နေရင်တော့ တစ်မျိုးပေါ့။ ဂျပန်ဆိုရင်တော့ မတွေးဝံ့တော့ပါ။ လန်ဒန်က
ဗမာတွေကြတော့ မြင်ရတာ အားတက်စရာ။ အမြဲတမ်း ပျော်လို့ရွှင်လို့၊ အလုပ်များပါပေ့ဆိုတဲ့
ပုဂ္ဂိုလ်တောင် "ဟီးဟီး၊ ဟီးဟီး"နဲ့။
ပထမရက်တော့ မြို့ထဲရောက်အောင် သွားဖို့ကို တော်တော်ကြိုးစားယူရတယ်။ သူနဲ့ ဘူတာမှာ
ချိန်းပြီး လန်ဒန်ရဲ့ လူစည်ကားရာနေရာမှာ နှစ်ယောက်ပေါင်းလောင်းကျော်ဖို့ စီစဉ်ကြရင်း ကျွန်
တော့်ပုံစံက ထောင်ထောင် မောင်းမောင်း လူတွေကို စိုက်ကြည့်စိုက်ကြည့်နဲ့၊ သူ့ပုံစံက သေးသေး
မျှင်မျှင် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့မထင်။
အေးဆေးပဲ၊ တောသား မြို့ရောက်ကို ဆရာ သမားအိုက်တင်နဲ့ လိုက်ပြနေရော။ ဘာကိုမှလည်း
ကြောက်ရွံ့ တဲ့ပုံ မပေါ်ဘူး။ သူနဲ့အတူ udacris ပွဲတောင် သွားကြည့်လိုက် သေးတယ်။ ပြော
သေးတယ် "သည်းခံရင် ကြောက်တယ် ထင်လိမ့်မယ်၊ ပြန်ဖြဲပြရတယ်"တဲ့။
ကျွန်တော်နဲ့သူ လန်ဒန်က မြန်မာပွဲမှာ သောင်းကျန်း လိုက်ပုံက မျက်နှာဖြူတွေ ကြွေသွားသဗျို့။
သူက ကိုယ့် ကိုယ်ကိုယ် ယုံကြည်ချက် တော်တော်ရှိတာ။ ဘယ် ရောက်ရောက် အားလုံးနဲ့
ပေါင်းသင်း တတ်တယ်။ ကျွန်တော် ရောက်တဲ့ အချိန်မှာ သူ အနောက် တိုင်းသူ တစ်ယောက်နဲ
့ ကြိုက်နေတာ နောက် သုံး ယောက်နဲ့တောင် အီနေ သေး။
ကျွန်တော် သူနဲ့ ပေါင်းပြီး တစ်ပတ် မပြည့် ခင်မှာ လန်ဒန်မှာ ရထားစီး တော်တော် ကျွမ်းနေပြီ။
ပထမပိုင်းတော့ လက်မှတ် ၀ယ်တာ အခက်တွေ့တယ်။ စင်ကာပူမှာဆို လက်မှတ် ဖြတ်စက်
အရှေ့မှာ ဂလယ် အူကြောင်နဲ့ ကြာနေရင် ကောင်တာက တာဝန်ခံတွေ ထွက် 'ကော'တယ်။
လန်ဒန်မှာတော့ လူကိုယ်တိုင်ထွက်လာပြီး ကူညီ ပေးတယ်ဗျို့။
ကျွန်တော် ဘိလပ်တွေကို အရမ်းအံ့ဩသွားတယ်။ ဪ... သာဓု၊ သာဓု ပေါ့နော်။ အဲဒီမှာ
သိလိုက်တာ သူတို့တွေ က ရုပ်ရှင်တွေထဲကလို ကြီးကြီးကျယ်ကျယ် မဟုတ်ဘူးဆိုတာ ပဲ။
ဒါနဲ့ ပြောဦးမယ်၊ လန်ဒန် သူတွေက တအားမိုက်။ အင်္ဂလိပ်၊ ပိုလန်နဲ့ တစ်ကမ္ဘာလုံးက မိန်းမချော
တွေ ပုံနေတဲ့မြို့။
Indian မဟေသီတွေဆို Bollywood မင်းသမီးတွေထက်တောင် လန်းသေး (အပိုမပြောပါ)၊
အို... နောက်ဆုံး ကိုယ့်မြန်မာ အမျိုးသမီး လန်ဒန်သူတွေကအစ၊ လှချက်က ရက်စက်
မော်လမြိုင် တစ်မြို့လုံး ရောက်နေသလား အောက်မေ့မိ။ ယုံကြည်ချက် ခွန်အားတွေနဲ့
ပြည့်နက်နေတဲ့ မြန်မာလူမျိုးတွေကို ထုတ်ပေး တဲ့ လန်ဒန်ကို ပြန်သွားချင်လို့ ကိုသူနဲ့
ဖေ့စ်ဘွတ်ခ်မှာ ခဏခဏ DJ Plan တွေ ချကြတယ်။
အခုဆိုရင် ကိုသူက လန်ဒန်မှာ DJ အလုပ်နဲ့ Club တွေ၊ Hip Hop ကျယ်ပျံ့ ဧရိယာတွေအပြင်
သူ့ကိုယ်ပိုင် London Lyricist Lounge အသင်းနဲ့ ဆိုပြီး British အုပ်တွေနဲ့ အဆင်ပြေ၊
အသက်ရှူချောင်၊ အောင်မြင်စွာ သောင်းကျန်းလျက် ကျွန်တော် လန်ဒန် ပြန်မရောက်ဘဲ
လန်ဒန်ကကိုသူက အခု ကျွန်တော်တို့ဆီ ရောက်လာတယ်။သင်္ကြန်ရေဆော့ဖို့ ပြန်လာ
တာ။ အခု ကျွန်တော်တို့ အစီအစဉ်က ဒါမျိုး။ လာမယ့် ဧပြီ ၄ ရက် နေ့ Friday Yangon
International Hotel ၀င်းထဲက Flamigo Bar မှာ ကျွန်တော် မောင် J-Me, DJ-SAI DJ Jay,
G-Tone, Ash, SZ နဲ့ X-Box တို့က ရှိုးအသေးလေးလုပ်ပြီး တော့ ဖျော်ဖြေပြီး ရတဲ့အကျိုး
အမြတ်တွေကို မိဘမဲ့ကလေး ဂေဟာတွေမှာ ပြန်ပြီးလှူမယ့် အစီအစဉ် ရှိပါတယ်။
လူကြီးမင်း တို့ ကျွန်တော် ပြောပြတဲ့ မိဘမဲ့တွေရဲ့ အခြေအနေကို သဘော ပေါက်တယ်ဆို
Hip Hop Music ကို မနှစ်သက်ရင်တောင် ဒီမိမဲ့ဖမဲ့ ကလေးတွေရဲ့ ထမင်းပန်းကန်လေး လှ
သွားအောင် ပါရမီဖြည့်စေချင် ပါကြောင်း။ ည ၉ နာရီနောက်ပိုင်းတွင် Hip Hop, Trap,
Dubstepmusic တို့ဖြင့် ကလေးသူငယ် များအတွက် စေတနာအရင်းဖြင့်ကျွန်တော်နှင့်
အပေါင်းပါ များက ဖိတ်ခေါ်ရင်း ။

Copied from MyanmarTimes